သီပေါ မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း( Book Club)နှင့် အမျိုးသမီးအသင်း(Women Club)တို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲကို အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်တင်စန်းက လူကြီးနှင့် လူလတ်ပိုင်းများတွင် အဖြစ်များသည့် သွေးတိုးရောဂါ၊ နှလုံး၊ ဆီးချို၊ သွေးချို စသည့်ရောဂါနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ရာ စာပေချစ်မြတ်နိုးသူများအသင်း( Book Club) နှင့် အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင်များက အဆိုပါ ရောဂါများနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်စသည့် သိရှိလိုသည်များကို မေးခွန်းများမေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)