လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးကွင်းဆင်းကြည့်ရှုစစ်ဆေး

လားရှိုး မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လားရှိုးမြို့နယ်အတွင်းရှိ  ကျေးရွာစာကြည့်တိုက်များ  ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့  နံနက်ပိုင်းအချိန်က   လားရှိုးခရိုင်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊      ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်အိအိသိမ့်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာ၊ ပညာ့အလင်းစာကြည့်တိုက်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ဂျမိုင်ကျေးရွာ၊ ရောင်နီဦးစာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး စာကြည့်တိုက်ကော်မတီများ စနစ်တကျပြန်လည်ဖွဲ့စည်းရေး၊ စာအုပ်စာစောင်များ ပျက်စီးမှုမရှိစေရန် စနစ်တကျထားရှိရေး၊ စာကြည့်တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စာအုပ်များတိုးပွားရေး၊ ရန်ပုံငွေရရှိရေးနည်းလမ်းများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုင်းအောင်ကျော်စိုး