ဇေယျာသီရိ မေ ၁၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဇေယျာသီရိမြို့နယ် ကြက် ခြေနီအသင်း (ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ပိုင်းက ကျင်းပခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက ယခုသင်တန်းဖွင့်လှစ်နိုင်ရန်အတွက် ကူညီပံ့ပိုးပေးသည့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် အလှူရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ ဆောင်ပုဒ်နှင့်အညီ ပြည်သူများနှင့် ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန် အသိပညာပေး Talk Show အစီစဉ်များ၊ သင်တန်းများ၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် နွေရာသီကျောင်း ပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ကြက်ခြေနီနောက်ခံသမိုင်းကြောင်းကို သိရှိစေရန်နှင့်ကြက်ခြေနီ စိတ်ဓာတ်များရှိလာပြီး လူမှုဂရုဏာလုပ်ငန်းများတွင် ပါဝင်ကူညီလာစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းကြက်ခြေနီကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုကအမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်တာနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် ဆုရရှိသူများ အား ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းတွင် ရှေးဦးပြုစုခြင်းသဘောတရားနှင့် ရှေးဦးပြုစုသူများ၏ တာဝန်ဝတ္တရားများ၊ လူနာဆန်းစစ်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းခြင်း၊ အရိုးအဆစ်နှင့်ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ သတ္တဝါများကိုက်ခြင်း၊ ပျားတုပ်ခြင်း၊ မြွေကိုက်ခြင်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်းစသည့် အခြေခံပြုစုနည်းများကို မေလ ၁၁ ရက်နေ့မှ မေလ၁၃ ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးခဲ့ပြီး ၎င်းသင်တန်းကို ရွှေတွင်းကုန်းကျေးရွာ၊ သာစည်ကျေးရွာနှင့် ဗောဓိမြိုင်ကျေးရွာမှ သင်တန်းသား/သူ ၄၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)