တပ်ကုန်း မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများကျယ်ပြန့်စွာသိရှိစေရန် မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းအသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို မေ ၁၉ ရက် မွန်းလွဲ ၂နာရီက ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးရာတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေယုတို့က မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများဖြစ်သည့် ကာလဝမ်းရောဂါ၊ သန်ဝမ်းရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျောရောဂါ၊ အစာမကြေရောဂါ၊ လေထိုးလေအောင့်ရောဂါ၊ ဝမ်းကိုက်ရောဂါများ ဖြစ်ရခြင်းအကြောင်းအရင်းများ၊ ရောဂါလက္ခဏာများနှင့်ကုသရမည့် နည်းလမ်းများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းအသိပညာပေး(Talk Show) အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်