နယ်ရုံးများ၏သတင်းများ

May 12,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မိသားစုဝင်ငွေတိုးပွားရေးတွင် တစ်ဘက်တစ်လမ်းမှအထောက်အကူပြုစေရန်ရည်ရွယ်၍ ကျောက်ကျောမုန့်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
May 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အယူအဆ အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အသင်း (Youth Club) နှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးရေးဆရာ အောင်သင်း ရေးသားထားသည့် “ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ပြုလုပ်ခဲ့သည်။
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အနောက် ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၅) နှစ်မှ (၁၈) နှစ် အတွင်းပြည်သူများ၊ အသက် (၁၈) နှစ်နှင့် အထက်ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို
May 12,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယနေနံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာစာကြည့်တိုက်များအရောက် ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။
May 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် Grade-5 သင်ရိုးသစ် အတန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ စနစ်တကျပညာသင်ကြားနိုင်ရန်အတွက် ဆရာ/ဆရာမများအား Grade-5 သင်ရိုးသစ် ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အထကကျောင်း၊ ထီလုံကျေးရွာ အထကကျောင်းနှင့် ရွှေဂွန်းကျေးရွာ အထကကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
May 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း မိုးရာသီယိုးဒယား ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီး ဖြစ်ရာစီးပွားဖြစ် စိုက်ပျိူးသူခြံရှင်များ ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။