မန်တုံ မေ ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့မွန်လွဲ(၁:၃၀)နာရီအချိန်က မူလတန်းကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြှင့်မားလာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်တတ်စေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
အဆိုပါ စကားပုံဆက်ပြိုင်ပွဲသို့ စာကြည်တိုက်တွင် လာရောက်အသုံပြုလျက်ရှိသော မြို့မရပ်ကွက်၊ အမှတ်(၁)၊ အမှတ်(၂)ရပ်ကွက်မှကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မန်တုံ(ပြန်/ဆက်)