ဥတ္တရခရိုင်ရုံး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ မေ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ မေလ ၁၇ ရက်နေ့နံနက် ၁၀ နာရီတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်  စာရေးဆရာ စိန်ဝင်းနွယ်က သုတပဒေသာလူငယ်ရေးရာစာစောင်မှ “ငါးမျှားထွက်ခြင်း”ဝတ္ထုတို အားလည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်က စာရေးဆရာမဒေါက်တာမတင်ဝင်းရေးသားသည့် အလုပ်ဆိုတာအင်အားပါ စာအုပ်မှ “သစ္စာရှိတဲ့သူကရဲရင့်တယ်” ဆောင်းပါးကိုလည်းကောင်း၊ စာရေးဆရာနွေဉီးကိုကိုက “မျိုးချစ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာဟိန်း၊(ပြန်/ဆက်)