ရပ်စောက်၌ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရပ်စောက် မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Commnity Centre) ခန်းမ၌ ဆောင်ရွက်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇင်လတ်က ပြည်သူလူထုမှ မီးဘေးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်သတိရှိစေရေးနှင့် မီးဘေးတားဆီးရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရပ်ရွာအတွင်းမီးလောင်လျှင် ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်စေသည့်အကြောင်းအရာများ၊ မီးသတ်ဆေးဗူးအမျိုးအစားများ စသည့်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာကြသည့် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇင်လတ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)