မြောက်ဥက္ကလာပ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်၌ မျိုးဆက်သစ် လူငယ်လူရွယ်များနှင့် စာပေကိုချစ်မြတ်နိုးသော ပြည်သူများ စာပေကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်၊ စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှ ဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်၍ မြောက်ဥက္ကလာပမြို့နယ် Book Club အသင်းစာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးမှူးဒေါ်လှလှထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် စာပေမြှင့်မှလူမျိုးတင့်မည်ဆိုသည့် စကားအတိုင်း၊ နိုင်ငံတော်၏ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေဗဟုသုတတို့မှ တစ်ဆင့်လူငယ်များအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများရရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်း (သိန်းဝင်းဇော်က) စာအုပ်ပါ အကြောင်းအရာများဖြစ်သော စာအုပ်ရေးသာသူများ၏ ရည်ရွယ်ချက်များလူငယ်များ၏ အနာဂတ်ဘဝမြှင့်တင်ရေး အခြေအနေများကို အသေးစိတ်ရှင်လင်းပြောကြားသည်။
ယင်းနောက် စာဖတ်ဝိုင်းကိုတက်ရောက်လာကြသော၊ စာရေးဆရာများဖြစ်ကြသည့်၊ ဆရာလင်းယုကိုက လွတ်လပ်သောလူမျိုး၏ တန်ဖိုးခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဆရာမေဒါ်သူဇာလှိုင်က မိမိကိုယ်မိမိအားကိုး ယုံကြည်စိတ်ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသော စာပေဝါသနာရှင်များက အပြန်အလှန်မေးမြန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)