ညောင်ဦး မေ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၃နာရီအချိန်မှစတင်ကာ ဉာဏ်စမ်းပဟေဠိ၊ စာစီစာကုံး၊ စာဖတ်စွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများနှင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး (ဦးစီးအရာရှိ)မှနွေရာသီကျောင်းပိတ်ရက် ကျောင်းသားကျောင်းသူများ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံးစာကြည့်တိုက်များတွင်လာရောက်၍ စာငှားကတ်များ (အသင်းဝင်ကတ်)ပြုလုပ်ပြီး မိမိကြိုက်နှစ်သက်ရာစာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ကာ အသိပညာဗဟုသုတများ ရှာဖွေနိုင်ကြောင်းပြောကြားသည်။ ပြီးနောက် ဉာဏ်စမ်းပဟေဠိ၊ စာစီစာကုံး၊ စာဖတ်စွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများနှင့်ဟောပြောပွဲများကျင်းပခဲ့သည်။ ပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များ၊ ခဲ့တံ၊ ဘောပင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD