အင်တောမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

အင်တော မေ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာမောင်မြင့်ကြွယ် ဘာသာပြန်ရေးသားသည့် အကြွင်းမဲ့ ခေါင်းဆောင်မှု သ‌ဘောတရား စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လှလှထွေးက စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများ အချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍  စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရားစာအုပ်ပါ အကြောင်းအရာများမှ မနွယ်နီအောင်မှ အပြုသဘောထားရှိမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်သဇင်ထွန်းက နားထောင်နိုင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးရွှေကြည်က  အလုပ်အကျွးပြုမှုခေါင်းစဉ်များကို အသီးသီးဖတ်ရှု့ခဲ့ကြပြီး စာဖတ်ဝိုင်းတက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များမှ မိမိတို့၏အမြင်ရှုထောင့်အမျိုးမျိုးမှ အသီးသီးအပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)