မင်းလှ မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က အောင်သစ်ရေးသားသည့် အနာဂတ်လူငယ်နှင့် အခွင့်အလမ်းစာအုပ်မှ အခန်းကဏ္ဍပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်တို့ တက်ရောက်ခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ