နယ်ရုံးများ၏သတင်းများ

May 13,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
May 13,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ယခုအချိန်ရာသီပေါ်သီးနှံတစ်ခုဖြစ်သော  ကနစိုးသီးများ ခူးယူရောင်းချခြင်းဖြင့် ဒေသခံများ  မိသားစုအပိုဝင်ရရှိကြောင်း သိရသည်။ သံတောင်မြို့နေဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံထွက် သီးနှံများအနက် ကနစိုးသီးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
May 13,2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုသည် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများမှ ဆရာ/ဆရာမများနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် မွန်းလွဲ(၁)နာရီကတွေ့ဆုံခဲ့ပြီး ကျောက်ဆည်မြို့ မဟာဂန္ဓာရုံစာသင်တိုက်တွင် (၇၂)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရာတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲအောင်မြင်သူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
May 12,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ရိုက်ကူးတင် ဆက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
May 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ရောင်နီဦး စာကြည့်တိုက်တွင် “အမျိုးသမီးများအပေါ်ကာကွယ်ပေးထားသော ဥပဒေများနှင့် ပတ်သက်သည့် အသိပညာပေး” ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ် စာပေဝါသနာရှင်များအသင်း (Book Club) ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ယနေ့နေ့လည် ၂ နာရီ ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ဌာနများအရောက် စာအုပ်များ ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။