ကော့မှူး မေ ၁၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာစာကြည့်တိုက်များအရောက် ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် ဝန်ထမ်းများက ဝါးသင်္ခကျေးရွာအုပ်စုမှ ဝါးသင်္ခအလယ်ရွာက ဘဝအလင်း စာကြည့်တိုက်၊ ဝါးသင်္ခအထက်ရွာမှ ရှုခင်းသာစာကြည့်တိုက်၊ မှော်တောကျေးရွာမှ ကျေးလက်လမင်း စာကြည့်တိုက်များသို့ကွင်းဆင်း၍ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး၊ စာအုပ်စာစောင်များ ပျက်စီးပျောက်ဆုံးမှုမရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းနည်းများ၊ သုတ၊ ရသစာအုပ်စာစောင်များ အသစ်ဖြည့်တင်းနိုင်ရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကော့မှူး