လှိုင်းဘွဲ မေ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 သင်ရိုးသစ် အတန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ စနစ်တကျပညာသင်ကြားနိုင်ရန်အတွက် ဆရာ/ဆရာမများအား Grade-5 သင်ရိုးသစ် ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အထကကျောင်း၊ ထီလုံကျေးရွာ အထကကျောင်းနှင့် ရွှေဂွန်းကျေးရွာ အထကကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Grade-5 သင်ရိုးသစ်သင်တန်းကို လှိုင်းဘွဲမြို့နယ် အထကကျောင်းတွင် ဆရာ/ဆရာမ (၃၇၆)ဦး၊ ထီလုံအထကကျောင်းတွင် ဆရာ/ဆရာမ(၃၆၆)ဦးနှင့်ရွှေဂွန်းအထကကျောင်းတွင် (၃၅၀)ဦး စုစုပေါင်း (၁၀၉၂)ဦးဖြင့် မေလ(၁၀)ရက်နေ့မှ မေလ(၁၃)ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စောဒိ(ပြန်/ဆက်)