နယ်ရုံးများ၏သတင်းများ

May 16,2022
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ ​ကျောင်းသားလူငယ်များ ​နွေရာသီ​ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်​စေရန် ကြက်​ခြေနီလှုပ်ရှားမှုနှင့် အ​ခြေခံ​ရှေးဦးသူနာပြုစုနည်း အတတ်ပညာကို ​လေ့လာတတ်​မြောက်နိုင်​စေရန် ရည်ရွယ်၍ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းခွဲတို့ ပူး​ပေါင်းကာ​ရှေးဦးပြုစုခြင်းအ​ခြေခံသင်တန်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​​​ခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယ​နေ့နံနက်( ၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့​ကြောင်းသိရသည်။
May 15,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကံလှကန်အုပ်စု၊ ကံလှကန်ကျေးရွာ၊ ကွင်း အမှတ်၂၀၇၈၊ တောင်သူဦးညဏ်‌ရွှေ၏ လယ်‌မြေ(၃)ဧကရှိ နေကြာသီးသန့်စိုက်ခင်းတွင် ယ‌မန်နေ့နံနက် ၈ နာရီက ဆီထွက်သီးနှံနေကြာ(မိုး) စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
May 14,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာနေသော စာဖတ်ပရိသတ်များအသိပညာဗဟုသုတရရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
May 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှ ရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွှဲ ၂ နာခွဲအချိန် က Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
May 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၁ နာရီတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် ဆွေးနွေးပွဲကျင်းပခဲ့သည်။
May 13,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ရုံးခန်း၌ ယမန်နေ့ (၁၀) နာရီအချိန်ခန့်က စာရေးဆရာ သန်းဝင်းလှိုင်၏ “လူငယ်တို့၏မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုပြုလုပ် ဆောင်ရွက်ခဲ့သည်။
May 13,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
May 13,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် သုတ၊ ရသစာအုပ်စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။