ပူတာအို မေ ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာနေသော စာဖတ်ပရိသတ်များအသိပညာဗဟုသုတရရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်ပြပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေး၊ ကျန်းမာရေး၊လူမှုရေး၊ ဥပဒေ၊ မိန့်ခွန့်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်သက်ဆိုင်သော စာအုပ်စာစောင် စုစုပေါင်း(၁၀၀)အုပ်ကို ခင်းကျင်းပြသထားလျက်ရှိရာ စာဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြသည်။
အဆိုပါ စာအုပ်စာစောင်ပြသခြင်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မေ(၁၃)ရက်နေ့မှ(၂၀)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိခင်းကျင်းပြသသွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူမည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်