တောင်တွင်းကြီး မေ ၁၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကံလှကန်အုပ်စု၊ ကံလှကန်ကျေးရွာ၊ ကွင်း အမှတ်၂၀၇၈၊ တောင်သူဦးညဏ်ရွှေ၏ လယ်မြေ(၃)ဧကရှိ နေကြာသီးသန့်စိုက်ခင်းတွင် ယမန်နေ့နံနက် ၈ နာရီက ဆီထွက်သီးနှံနေကြာ(မိုး) စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
အဆိုပါစိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး ကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂)ဦးလှသောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မျိုးအေးတို့ကဆင်း ရွှေကြာ(၂)နေကြာမျိုးစေ့များကို တောင်သူဦးကြီးများအား ပေးအပ်ခဲ့ပြီး နေကြာစတင်စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တောင်တွင်းကြီးမြို့နယ် အတွင်း၂၀၂၂-၂၀၂၃ခုနှစ်စိုက်ပျိုးရာသီတွင် မိုးနေကြာသီးညှပ် (၃၅၂၇)ဧကနှင့်သီးသန့်(၁၂၃၀)ဧက၊ စုစုပေါင်း(၄၇၅၇)ဧကစိုက်ပျိုးရန်လျာထားပြီး ကျေးရွာများအရောက်ကွင်းဆင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွားလေး(တောင်တွင်းကြီး)