နယ်ရုံးများ၏သတင်းများ

May 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
May 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre)တွင်
May 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကာယ၊ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 13,2022
၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူခဲ့သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူတော်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပူဇော်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၅)ရပ် ကွက်၊ဗိုလ်ချုပ်လမ်းရှိ မြို့လယ်သာသနာ့ ဗိမာန်တော် ကြီး၌ ပြုလုပ်ကျင်းပခဲ့သည်။
May 13,2022
အနာဂတ်ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အတတ်ပညာအသိပညာများ ပြည့်စုံလာစေရန် ရည်ရွယ်၍ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။
May 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် နွေရာသီ အားလပ်ရက်များတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ လူမှုရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားပြီး အနာဂတ် တိုင်းပြည်တွင် အားကိုး၊ အားထားပြုနိုင်စေရန်အတွက် သိန္နီမြို့ ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းကို မေလ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အခြေခံရှေးဦးသူနာ ပြုစုနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပသည်။
May 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 13,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီအချိန်က ဇရပ်ကြီးကျေးရွာသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့သည် တစ်ပတ်လျှင်(၄)ကြိမ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။