ကလော မေ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှ ရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွှဲ ၂ နာခွဲအချိန် က Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်နှင့် ဝန်ထမ်းများက မိမိရုံးသို့မလာရောက်နိုင်သော ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ရုံးစာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များနှင့်ကလေးပုံပြင်စာများကို အမျိုးအစားစုံလင်စွာဖြင့် ကလောမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ကို သွားရောက်၍ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးသည့် စာအုပ်စာစောင်များအား နှစ်ပတ်တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင် ရွက်လျက်ရှိကြောင်း သိရှိသည်။
ကျော်ဝင်း(ကလော)