ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်၊ စာစောင်များအား ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များသို့ ထပ်ဆင့်ပေးအပ် လှူဒါန်းပွဲကျင်းပ

ဒလ မေ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် သုတ၊ ရသစာအုပ်စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  လှူဒါန်းပွဲတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန် ခိုင်မာရေး၊ ရပ်ကွက်နေပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် စာကြည့်တိုက်ကို အသုံးပြုတတ်စေရေး၊ စာဖတ်သူတိုးပွားရေး၊  သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ အနေဖြင့် မိမိတို့ စာကြည့်တိုက်ရှိ စာအုပ်၊ စာစောင်များနှင့် ပရိ‌ဘောဂများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်း စောင့်ရှောက် ထိန်းသိမ်းပေးရန်နှင့် ယခုလိုတန်ဖိုးရှိသည့် သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း  ဆွေးနွေးပြောကြား ခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီတာဝင်းက လှူဒါန်းရရှိသော စာအုပ်များနှင့် ပတ်သက်ပြီး စနစ်တကျ ထိန်းသိမ်းကြစေရန်နှင့် ရရှိထားသော စာအုပ်များအား စနစ်တကျ စာရင်းသွင်းမှတ်တမ်းထားရှိ၍ စာဖတ်စာငှား များအား စနစ်တကျ ငှားရမ်း‌ပေးသွားရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် ဦးစီးအရာရှိ ဒေါ်သီတာဝင်းတို့က မြို့မ()ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်၊ ကမာကသွယ်ရပ်ကွက်ရှိ ပြည်သူ့အလင်းရောင် စာကြည့်တိုက်၊ အံကြီးအရှေ့ရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်၊ ညောင်ပင် ကျေးရွာရှိ ရွှေညောင်ပင်စာကြည့်တိုက်၊ သမ္ဘာန်ချောင်းကျေးရွာရှိ ကမ်းလက်များ စာကြည့်တိုက်နှင့် အောင်နိုင်သူစာကြည့်တိုက်၊ ညောင်ချောင်းကျေးရွာရှိ ဒို့ကျေးရွာစာကြည့်တိုက်နှင့် ရဲချောင်းဝကျေးရွာရှိ စာပေအလင်းရောင်စာကြည့်တိုက်တို့အတွက် စာကြည့်တိုက်တစ်တိုက်လျှင် သုတ၊ ရသစာအုပ် ၂၇၃ အုပ်နှုန်းဖြင့် စာကြည့်တိုက် ()တိုက်အတွက် စာအုပ် စုစုပေါင်း ၂၁၈၄ အုပ်အား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်မှူးများထံသို့ ပေးအပ်လှူဒါန်း ခဲ့ကြသည်။

သီတာဝင်း