နယ်ရုံးများ၏သတင်းများ

May 17,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီအချိန် တွင် အသိပညာပေး စာအုပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်း သူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ် သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယနေ့၊ နံနက် ၁ဝ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
May 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များနှင့် စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာဗဟုသုတများတိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 17,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နွေရာသီအချိန်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
May 17,2022
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ပူးပေါင်း၍
May 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန်း(၁/၂၀၂၂)ကို ယနေ့နံနက်(၈)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
May 17,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန (Community Centre)လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များကျန်းမာ ကြံ့ခိုင်ပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နွေရာသီအားကစားသင်တန်းအဖြစ် အဆင့်မြင့် ဂျူဒိုသင်တန်းဖွင့်ပွဲအား ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။
May 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင်‌ ကျောင်းသားလူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးရာမှ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍(Youth Club) အဖွဲ့ဝင် ကျောင်းသားလူငယ်များနှင့် ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားသည့် “ပန်းများပွင့်စေမွှေးစေသူ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။