နယ်ရုံးများ၏သတင်းများ

May 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် မိန်းမဝတ်ဘလောက်အင်္ကျီ ညှပ်နည်းသင်တန်းကို ယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးခရိုင်၊ စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက စားသုံးသူများ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပသည်။
May 17,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်၉နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
May 17,2022
စစ်တုရင်အားကစားနည်းဖြင့် လူငယ်တို့၏ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ် လူရွယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စစ်တုရင်ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးခြင်းဖြင့် ယှဉ်ပြိုင်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်၊ စစ်တုရင်အားကစားကို စိတ်ပါ ဝင်စားသူများ၊ ဝါသနာရှင်များ ပေါ်ထွက်လာစေရန်၊ စစ်တုရင်အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အခြေခံစစ်တုရင်ကစားနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ(၁၆) ရက် နေ့လည်(၁၂)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
May 17,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထားသော စာအုပ်စာစောင်များအား သက်ဆိုင်ရာ ရပ်ကွက် စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
May 17,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်နှင့် ရည်မှန်းချက် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ခရိုင်တာဝန်ခံ ရဲအုပ်လွှမ်းမိုးထွန်းက လူကုန်ကူးမှုအန္တရာယ်နှင့်အကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
May 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ဆီးချို၊သွေးချိုရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကိုယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။