စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ မေ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၁ နာရီတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် ဆွေးနွေးပွဲကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်စာ ရေးဆရာနွေဦးကိုကို၊ စာရေးဆရာမ ဒေါ်ချယ်ရီအောင်သန်းတို့က စာရေးဆရာဦးသုခနှင့် ဒေါက်တာမတင်ဝင်း ရေးသားသည့် “ဇီဝကနှင့်ကိုယ်ပိုင်ဂုဏ်” စာအုပ်ပါအကြောင်းအရာများနှင့် လူငယ်များစာပေများလေ့လာဖတ်ရှုပြီး အသိပညာအတတ်ပညာများ တိုးပွားလာမည်ဖြစ်ကြောင်း၊ စာပေများကိုများများသင်ယူ၊ မြန်မြန်သင်ယူ၊ စာပေဟုသုတများ ဖြန့်ဝေပေးရခြင်း၏ စိတ်ကူးရည်ရွယ်ချက်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါ သနာရှင်များ၊ အ.ထ.က (၁၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာဟိန်း