မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနCommunity Centre ရုံးခန်းတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

မိုင်းငေါ့ မေ ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ရုံးခန်း၌ ယမန်နေ့ (၁၀) နာရီအချိန်ခန့်က စာရေးဆရာ သန်းဝင်းလှိုင်၏ “လူငယ်တို့၏မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ် ကစာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေအကြောင်းအရာများကို ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်အသိပညာ ဗဟုသုတများတိုးပွားစေရန် စသည့် ရည်ရွယ်ချက်များ ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နာက်(Youth Club) အသင်းမှ မသီတာ‌ထွေးက “အချိန်ကိုတန်ဖိုးထားခြင်း” ၊ မခိုင်ဇင်ထက် က “အတတ်ပညာ” ၊ မအိမ့်ရတီဦးက “စာဖတ်ခြင်း” ၊နန်းစံခမ်းက ”ကြွားဝါခြင်း” မယွန်းယမုံသွယ်က “အကျင့်စာရိတ္တ” စသည့်ခေါင်းစဉ်အသီးသီးတို့ကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများ ကိုပြန်လည် ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင် (၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)