ကယားပြည်နယ်

လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာမဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ဖား​ဆောင်းမြို့နယ်၌ သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများနှင့် မသန်စွမ်းသူများ၊ ကြိုတင်ဆန္ဒမဲ​ပေးနိုင်​ရေး အိမ်တိုင်ရာ​ရောက် ​ဆောင်ရွက်​ပေး

ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ၈ရက်​နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊နာမကျန်းသူများ၊ မသန်စွမ်းသူများနှင့် အ​ကြောင်းအမျိုးမျိုး​ကြောင့် ရပ်ကွက်​ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာ​ရောက် မ​ပေးနိုင်သူများထံ သွား​ရောက်၍ကြိုတင်ဆန္ဒမဲများကို ယမန်​နေ့က အိမ်တိုင်ရာ​ရောက်လိုက်လံ​ကောက်ခံခြင်းများကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သော အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။

ဖရူဆိုမြို့နယ်တွင် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ

ဖရူဆိုမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများအား မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများအား မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်

ကယားပြည်နယ် ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သော အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူ များအား ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့ မြောက်ပိုင်းရပ်ကွက်တွင် တာ၀န်ကျ မဲရုံ၀န်ထမ်းများအား ဆင့်ပွားသင်တန်း ဖွင့်လှစ်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံ တာ၀န်ထမ်းဆောင်ကြမည့် ၀န်ထမ်းများကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်း ရပ်ကွက် စတုမာလာဓမ္မာရုံ၌ ဆင့်ပွား သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးသည့် မိုးနှမ်းများပေါ်ချိန်တွင် အထွက်နှုန်းလျော့ပြီး ဈေးကောင်းမရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးသည့် မိုးသီးနှံ(နှမ်း)များ ပေါ်ချိန်တွင် ရာသီဥတု ကြောင့် နှမ်းများ အထွက်နှုန်းလျော့နည်းပြီး ဈေးကောင်းမရရှိသဖြင့် နှမ်းစိုက်တောင်သူများ အခက်အခဲ ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း နှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူ များအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ မြို့လယ်နာရီစင်၌ ဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ Community Based Facility Quarantine နေရာများ၌ ဝင်ရောက်နေသော ပြည်သူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်ထားရှိသည် Community Based Facility Quarantine များတွင် ဝင်ရောက်နေသော ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်မှစပြီး ဆောင်ရွက် ပေးလျက်ရှိသည်။
Subscribe to ကယားပြည်နယ်