လွိုင်ကော်မြို့နယ်အတွင်းရှိ Community Based Facility Quarantine နေရာများ၌ ဝင်ရောက်နေသော ပြည်သူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ပေး

လွိုင်ကော် နိုဝင်ဘာ ၆

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်ထားရှိသည်  Community Based Facility Quarantine များတွင် ဝင်ရောက်နေသော ပြည်သူများအနေဖြင့်  ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်မှစပြီး ဆောင်ရွက် ပေးလျက်ရှိသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း Community Based Facility Quarantine နေရာများဖြစ်သည့်  လွိုင်ကော်တက္ကသိုလ်၊ လွိုင်ကော်ပညာရေးကောလိပ်၊ သာသနာ့ဗိမာန် တော်၊ နတလလူငယ်သင် တန်းကျောင်း၊ သူနာပြု/သားဖွားသင်တန်းကျောင်းများတွင် Facility Quarantine ဝင်ရောက်နေသော ရပ်ကွက်၊ ကျေးရွာ ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စနစ်တကျ စီစဉ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
အောင်ထွန်းလေး (ပြန်/ဆက်)