လွိုင်ကော် နိုဝင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း နှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ မြို့လယ်နာရီစင်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင် ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ပါဝင်သည့်အဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် မြို့လယ်နာရီစင်၌ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် လမ်းသွား၊ လမ်းလာ ပြည်သူများအား Mask များကို ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)