ကယားပြည်နယ်

လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ  စတင်မဲပေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး များ၌ ယနေ့နံနက်ပိုင်းမှစ၍ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးနှင့် မွန်းလွဲပိုင်းက မိုင်းလုံးမီးပွိုင့်တို့၌ ဆောင်ရွက်ခဲ့သည်။

ဒီးမော့ဆိုတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်း

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၆၄) ဦးနှင့် အရန်(၂)ဦးအား အောက်တိုဘာ ၁ ရက်မှ စတင်၍ ရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များကို သင်ကြား ပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ငွေတောင်ကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က လူကုန် ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး “Talk Show” ကို ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံ အကျဆုံးနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်ကြရမည့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင် အဖွဲ့ခွဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပါတီကိုယ်စားများအား ကြိုတင်မဲ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာသော ပြည်သူများ အား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်ည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ မဲရုံ များတွင်

ဒီးမော့ဆိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေး

၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှားတောမြို့နယ်၌မြို့နယ် ကလေးသူငယ်အခွင့်အရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် မွန်လွဲ(၂:၃၀)နာရီအချိန်က မြို့နယ်စုပေါင်း ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါးတားဆီး၊ကာကွယ်၊တိုက်ဖျက်ရေးအသိပညာပေး “Talk Show”ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်က မူးယစ်ဆေးဝါး၊တားဆီး၊ကာကွယ်၊တိုက်ဖျက်ရေးအသိပညာပေး “Talk Show” ကိုကျင်းပပြုလုပ် ခဲ့သည်။
Subscribe to ကယားပြည်နယ်