ရွာသစ် နို၀င်ဘာ ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံ တာ၀န်ထမ်းဆောင်ကြမည့် ၀န်ထမ်းများကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်း ရပ်ကွက် စတုမာလာဓမ္မာရုံ၌ ဆင့်ပွား သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင့်ပွားသင်တန်းတွင် တောင်ပိုင်းရပ်ကွက် မဲရုံမှူး ဦးအုန်းမြင့်မှ သင်တန်းသား၊ သင်တန်းသူများကို မဲရုံ တစ်ဦးချင်းစီ၏ တာ၀န်၀တ္တရားများ၊ မဲရုံသုံးပစ္စည်းများ အကြောင်း၊ မဲပေးရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်၊ မဲရုံ လုပ်ငန်းဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ စသည်တို့ကို အသေးစိတ် ရှင်းလင်းပို့ချခဲ့ပြီး လက်တွေ့ဆောင်ရွက် ရမည့် နည်းလမ်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တောင်ပိုင်းရပ်ကွက် မဲရုံ အမှတ်(၁)တွင် မဲရုံ တာ၀န်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မဲရုံ အဖွဲ့၀င် စုစုပေါင်း (၁၃)ဦး တက်ရောက်ခဲ့ကြပြီး မဲရုံ လုပ်ငန်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)