ရွာသစ် နိုဝင်ဘာ ၆
ကယားပြည်နယ် ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သော အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူ များအား ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေး အဖွဲ့ဝင်များက မဲရုံသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးရန် အခက်အခဲရှိနေသည့် အသက်(၆၀)နှစ် အထက် သက်ကြီး ဘိုးဘွားများနှင့် နာမကျန်းသူမဲဆန္ဒရှင်များအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့တွင် ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲကျင်းပမည့် မဲရုံပေါင်း (၇)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၉၂၁)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)