ကယားပြည်နယ်

ဖားဆောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မဲရုံသုံးပစ္စည်းများ စနစ်တကျ ထုတ်ပေး

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့က စတင်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လွိုင်ကော်မြို့နယ်အတွင်း ကြိုတင် ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ က ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲပေး နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီးတရဲရပ်ကွက်၌ ဖြတ်သန်းသွားလာနေသော ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန် မြှင့်

မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများအတွက် ဓာတ်အားလိုင်း တိုးချဲ့ တည်ဆောက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့်ဝေးကွာပြီး လျှပ်စစ် ဓာတ်အား မရရှိသေး သည့် ပန်တိန်းကျေးရွာနေ ပြည်သူများအတွက် ဓာတ်အားလိုင်း တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်း နှင့် မဲရုံပြင်ဆင်စရိတ် ထုတ်ပေးခြင်းများဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကို အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်း နှင့် မဲရုံပြင်ဆင်စရိတ်များ ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ မိုင်းလုံးမီးပွိုင့်၌ ဆောင်ရွက်ခဲ့ သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် တာ၀န်ရှိသူများက ရွာသစ်မြို့ရှိ မဲရုံ အသုံးပြုမည့်နေရာ၊ အဆောက်အဦများသို့ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င်နှင့် တာ၀န်ရှိသူများက ယမန် နေ့ ညနေပိုင််းက ရွာသစ်မြို့ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကြိုတင် ဆန္ဒမဲပေး လုပ်ငန်းစဉ်များနှင့် မဲရုံ အသုံးပြုမည့် နေရာ၊ အဆောက်အဦ နေရာများသို့ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုး ကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာတွင် ဆယ့်နှစ်လရာသီအလိုက် တစ်ပိုင်တစ်နိုင်သီးနှံများ စိုက်ပျိုး

လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုး ကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာသည် ဆယ့်နှစ်လ ရာသီအလိုက် တစ်ပိုင်တစ်နိုင် သီးနှံများစိုက်ပျိုးလျက်ရှိရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး  ခရမ်းချဉ်သီး၊ ပန်းမုန်လာ၊ ကြက်သွန်ဖြူ အဓိက စိုက်ပျိုးပြီး အခြားသီးနှံများဖြစ်သည့် ပန်း၊ မုန်ညှင်း၊ ခရမ်းသီး ၊ပြောင်း၊ စပါး ၊ တို့ကိုလည်း စိုက်ပျိုးလျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ လွိုင်ကော်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲ ပေးနေမှုများအား ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲခွင့်ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်(ကယားပြည်နယ်တာဝန်ခံ)သည် ပြည်နယ်/ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to ကယားပြည်နယ်