ဖရူဆိုမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများအား မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး

ဖရူဆို နိုဝင်ဘာ ၆

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများအား မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကယားပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းထွန်းနှင့် မြို့နယ်မီးသတ်စခန်းမှ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရွေးကောက်ပွဲကျင်းပမည့် မဲရုံများတွင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးများ စနစ်တကျ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု အခြေအနေနှင့် အရေးပေါ်အခြေအနေတွင် ရေအလုံအလောက် ရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မဲရုံမှူးနှင့် အဖွဲ့ဝင်များအား မဲရုံများတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူး အသုံးပြုနည်း၊ အသုံးပြုပုံ အဆင့်ဆင့် နှင့် အရေးပေါ်ဆက်သွယ်ရမည့် နည်းလမ်းများကို အကြုံပြုလမ်းညွှန်ပေး ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ ကျင်းပမည့် မဲရုံပေါင်း (၃၇)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၉၉၅၃)ဦး ရှိကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)