လွိုင်ကော်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြား
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယားပြည်နယ်အတွင်းရှိ ဝန်ထမ်းများ တစ်ဦးချင်းအရည်အသွေးများ တိုးတက်စေရေးနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခွဲတွင် လွိုင်ကော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။