ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

လွိုင်ကော် စက်တင်ဘာ ၁၅

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများ စနစ်တကျပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ပြန်လည်ဖွင့်လှစ်သည့် ပန်းကန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းနှင့် ထေးသမ(လေ့ကျင့်ရေးအလယ်တန်းကျောင်း)များသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ပြန်လည်ဖွင့်လှစ်သည့် ပန်ကန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းဖွင့်လှစ်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းလုံးရပ်ကွက် အမှတ် () အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံ၍ မိမိတို့၏နေရာဒေသတွင် ပြန်လည်နေထိုင်နိုင်ရန်နှင့် မိမိတို့၏ သားသမီးများ ပညာသင်ကြားနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဘက်ဘက်မှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ဆရာဆရာမများ၊ မိဘများအနေဖြင့် ထူးချွန်ကျောင်းသားများဖြစ်အောင် ပြုစုပျိုးထောင်ပြီး ကျောင်းနေရွယ်ကလေးတိုင်းရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှု ရှိစေရေးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကျောင်းပြန်လည်ဖွင့်လှစ်နိုင်မှု၊ ပညာသင်ကြားမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးသမရပ်ကွက်၊ ထေးသမ(လေ့ကျင့်ရေးအလယ်တန်းကျောင်း)သို့ ရောက်ရှိကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာရေးမပြတ်ဆောင်ရွက်ရန်နှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံအောင်စီမံပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယနေ့ ပြန်လည်ဖွင့်လှစ်သည့် အခြေခံပညာကျောင်း()ကျောင်းတွင် ကျောင်းသားကျောင်းသူဦးရေ (၃၈၀)ဦးတို့ တက်ရောက်ပညာကြားလျက်ရှိပြီး နေရပ်ပြန်လည်ဝင်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ/လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)