ကယားပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး
ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခမဲ့ကျန်းမာရေးဆောင်ရွက်ပေးမှုကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။