နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း သဘာဝမြေဆွေးပြုလုပ်နေမှု ကွင်းဆင်း

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်စိုက်ကြပ်ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြိုု့နယ်အတွင်း သဘာဝမြေဆွေး ပြုလုပ်နေမှုကိုကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော် ဟိုတယ်ဇုန်(၂)အတွင်းရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် ဟိုတယ်ဇုန်(၂) ရာဇသင်္ဂဟလမ်းမကြီး‌ဘေးရှိ ဟိုတယ်များသန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် ဧည့်သည်လက်ခံ၍ ဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများအား MSME Agency ဥက္ကဋ္ဌ ဦးဇေယျာလင်း ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၊ ကောင်စီအဖွဲ့ဝင် MSME Agency ဥက္ကဋ္ဌ ဦးဇေယျာလင်းသည် ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ ဇမ္ဗူသီရိမြို့နယ် MSME ဥက္ကဋ္ဌ ဒေါ်ခင်မိုးဖြူနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက MSME ထုတ်ကုန်များ တင်ပြရောင်းချမည့်လုပ်ငန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME Association အသင်းသူ၊ အသင်းသားများ၏ သားသမီးများမှ Grade-12 ထူးချွန်စွာ အောင်မြင်သူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME Association အသင်းသူ၊ အသင်းသားများ၏ သားသမီးများမှ Grade-12 အောင်မြင်/ဂုဏ်ထူးဖြင့် အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် MSME Association (Naypyitaw) တွင် လစ်လပ်ရာထူးနေရာများအား ပြန်လည်ခန့်အပ်နိုင်‌ရေးအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise ၊ တော်ဝင်ခန်းမ၌ ကျင်းပရာ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် MSME Associationအသင်း နာယက ဦးကျော်စွာဝင်းနှင့် အသင်းဥက္ကဋ္ဌ ဦးသူရိန်၊ MSME လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗစ်ရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ အမြန်ရောက်ရှိစေရေးနှင့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည်အသုံးပြုရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်တွင် မြို့ပြရှာဖွေကယ်ဆယ်ရေး (Light USAR Team)ဖွဲ့စည်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်းတွင် မြို့ပြရှာဖွေကယ်ဆယ်ရေး (Light USAR Team) ဖွဲ့စည်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

တပ်ကုန်းမြို့နယ်၌ အစေ့ထုတ်ပြောင်း  ၁၄၀၀ ဧကကျော် စိုက်ပျိုးပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ၁၃၁၄ဧက လျာထားစိုက်ပျိုး၍ ၁၄၃၄ဧက စိုက်ပျိုးပြီး၊ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပသည်။

ဇေယျာသီရိမြို့နယ်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ