နေပြည်တော် စက်တင်ဘာ ၁၃
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပျဥ်းမနားမြို့နယ်၊ The Learning Nest Preschool သို့သွားရောက်ပြီး ထူထောင်ခွင့်ပြုမိန့်ရရှိရေး ကွင်းဆင်းစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ကလေးငယ်များအား စာသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပညာပျိုးခင်း မူကြိုကျောင်းနှင့် ပါရမီကိုယ်ပိုင်မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ်သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ နေပြည်တော်ကောင်စီဝင်က တည်ထောင်ခွင့်ပြုမိန့် ရရှိထားသောကျောင်းများအား သက်တမ်းမကုန်မီ သက်တမ်းတိုးများ လျှောက်ထားနိုင်ရေးအတွက် အသိပေးခြင်းများပြုလုပ်သွားရန်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ကြရန်၊ မူလတန်းကြိုပညာရေးသည် ကလေးငယ်များ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ၎င်းတို့၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန်၊ ကျောင်းသုံးပစ္စည်းများ ပြည့်စုံစွာထောက်ပံ့ပေးရန်နှင့် မိဘများအား ပညာရေးတွင် ပိုမိုပါဝင်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သင်ကြားရေးနှင့် သင်ယူမှုပတ်ဝန်းကျင် ကောင်းမွန်စေခြင်းဖြင့် ကလေးဗဟိုပြုသင်ခန်းစာများနှင့် သင်ထောက်ကူပစ္စည်းများ ပြည်စုံစွာ ထားရှိပေးရန်၊ နည်းပညာနှင့်အညီ ခေတ်မီပညာရေးနည်းစနစ်များကို ကလေးများအရွယ်နှင့် ကိုက်ညီစွာမိတ်ဆက်သင်ကြားပေးရေးနှင့်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြလိုကြောင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)