တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်

တပ်ကုန်း စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ KG ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ထိုသို့ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်ရာတွင်  တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်၊ ဦးစီးအရာရှိ ဦးရီထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးသီနိုင်နှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများက KG ကျောင်းသား၊ ကျောင်းသူပေါင်း ၅၀ ဦးတို့ကို အသားဓာတ်၊ အာဟာရဓာတ်ပြည့်ဝစေသော အစားအစာများ ကျောင်းတွင်းအာဟာရအဖြစ် ကျွေးမွေးခဲ့သည်။  

တပ်ကုန်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ညွန့်ရွှေအောင်ကြီးကြပ်၍ အခြေခံပညာကျောင်းပေါင်း ၁၆၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၅၀ ဦးအား ကျန်းမာရေးစောင်ရှောက်ပေးခြင်းနှင့်အသားဓာတ်၊ အာဟာရဓာတ်ပြည့်ဝစေသော အစားအစာများ ကျောင်းတွင်းအာဟာရအဖြစ် ကျွေးမွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်