နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးမှုနှင့် “လှ”ချည်မျှင်ထုတ်လုပ်ရေး၊ ဆင်သေရေလွှဲဆည်တည်ဆောက်ရေး၊ ဝါစိုက်ခင်း၊ ပေါ်ဆန်းစပါး စိုက်ခင်းများ ကြည့်ရှု
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကံလှကျေးရွာသို့ သွားရောက်ပြီး “၂၀၂၅ ခုနှစ် မိုးရာသီ တစ်အိမ်ထောင်လျှင် သစ်မာ ပင် ၂၀ ပင် သစ်ပင်စိုက်ပျိုးပွဲ”သို့တက်ရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။