တပ်ကုန်း စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က အဖွင့်အမှာစကားပြောကြားပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင်ထွဋ်က နည်းပညာပေးဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) ပညာရှင်များက ပိုးသတ်ဆေးစနစ်တကျသုံးစွဲရေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုလျှော့ချရေးတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်း၊ ခရိုင်ဝန်ထမ်းများ၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့မှ ဝန်ထမ်းများ၊ တောင်သူများ၊ ပိုးသတ်ဆေးအရောင်းဆိုင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်