ပုဗ္ဗသီရိမြို့၌  လူငယ်စကားဝိုင်း  ကျင်းပပြုလုပ်

ပုဗ္ဗသီရိ စက်တင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လည် (၁)နာရီက အ.ထ.က(ခွဲ) မင်္ဂလာဒီပကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းကို ဆက်လတ်ဆောင်ရွက်ခဲ့ရာ “လူငယ်နှင့်ကျင့်ဝတ်”၊ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ လူငယ်တွေဦးဆောင်ပါဝင်စေချင်”၊ “လူငယ်များအတွေးမမှားဘဲ ကြိုးစားကြပါ”နှင့် “မွန်မြတ်သည့် ပရဟိတစိတ်ဖြင့် အခက်အခဲကို‌ကျော်လွှားပါ” စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသူ (၄)ဦးမှ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြရာ ၎င်းကျောင်းသူ (၄)ဦးက ပြန်လည်ဖြေကြားဆွေးနွေးကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ခေါင်းစဉ်တခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါလူငယ်စကားဝိုင်းအပြီးတွင် ကျောင်းသား၊ ကျောင်းသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာဆောင်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာဆောင်များ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)