တပ်ကုန်းမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုး

တပ်ကုန်း စက်တင်ဘာ ၁၃

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြစိုး ကြီးကြပ်ကာ ရွှေမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့်ဝန်ထမ်းများ၊ ကံလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်း‌ဇော်နှင့်ဒေသခံပြည်သူ စုစုပေါင်း ၄၅၀ ဦးတို့က ကံလှကျေးရွာနှင့်ဂါတ်ချိုင်းကျေးရွာချင်းဆက် လမ်းဘေးဝဲ/ယာတစ် လျှောက်တွင်  မယ်ဇလီ ၂၅၀ပင်၊  စစ် ၂၅၀ပင်၊ ကုက္ကို ၁၀၀ပင်၊ စုစုပေါင်းပျိုးပင် ၆၀၀ ပင်တို့ကို တစ်ပျော်တစ်ပါး စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်