ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေးမြင့်မားစေရန်ရည်ရွယ်ကာ စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးစာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။