ငပုတောမြို့နယ် တင်းချောင်းကျေးရွာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိုနယ် တင်းချောင်းကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမင်းမင်းကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နမ့်အေးအေးကြူနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်များနှင့် တွေ့ဆုံခဲ့ကြသည်။