အမြို့မြို့အနယ်နယ်သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၂၅ နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ကံကုလားကျေးရွာ ကံသာယာဓမ္မာရုံ၌ ကျေးရွာအုပ်စုအတွင်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံလော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ယာယီတိမ်းရှောင်ပြည်သူများအား တွေ့ဆုံပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၁)အတွင်းရှိ အင်ဂျန်ဒုံ လော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာမှ ယာယီ တိမ်းရှောင် အိမ်ထောင်စုများနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းအတွက် အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ်သက်တမ်းအတွက် အမှုဆောင်အသစ်များ ရွေးချယ်တင်မြောက်ပွဲကို အောက်တို ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌ ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖိတ်ကြာထား‌သော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြဝတီမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးနှင့် ဓိဌာန်အောင်စေတီတော်တို့တွင် ဆိုလာမီးနှင့် ဓမ္မာရုံအမိုး၊ ပြာဿဒ်တည်ဆောက်နိုင်ရန် အလှူငွေလှူဒါန်း

ကရင်ပြည်နယ် မြဝတီမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်ကြီးတွင် လျှပ်စစ်မီးရရှိစေရန်နှင့် ဓိဌာန်အောင်စေတီတော်ကြီးရှိ ဓမ္မာရုံအမိုး၊ ပြာဿဒ်ဘုံ(၅)ဆင့် တို့အား တည်ဆောက်မွမ်းမံရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ ၂၅ ရက် မွန်းတည့် ၁၂နာရီက ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေ အရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ဥပဒေချုပ်ရုံးရှိ ပါမောက္ခ ဦးလှအောင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ၊ ရုံးအဖွဲ့မှူး၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ မြို့နယ်ဥပဒေ အရာရှိများ၊ ဦးစီးအရာရှိများနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ ပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဘဲ ဆန္ဒမဲပေးနိုင်စေရန် နိုင်ငံသားမှတ်ပုံတင်ကတ် ပျောက်ဆုံး၊ ပျက်စီးနေသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ ပူးပေါင်းလျက် ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၄)ရပ်ကွက်၊ လောကချမ်းသာ ဓမ္မာရုံတို့၌ ပြည်သူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဘဲ ဆန္ဒမဲပေးနိုင်စေရေးအတွက် နိုင်ငံသားမှတ်ပုံတင်ကတ် ပျောက်ဆုံး၊ ပျက်စီးနေသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် ဥပဒေချုပ်ရုံး၌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် မှာကြားချက်များအား ထပ်ဆင့်ရှင်လင်းဆွေးနွေးပွဲကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်‌‌က မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် အောက်တိုဘာ ၂၄ ရက်နေ့နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ဆီထွက်သီးနှံ၊ စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ညှိနှိုင်းဆွေးနွေး၊ နေရပ်စွန့်ခွာပြည်သူများအား ရိက္ခာထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့ အတွက် နွေစပါး/မိုးစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်း‌ဆေးကုသ ပေးနေမှုကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များနှင့်အတူ တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၊ မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ပြည်သူ့ဆေးရုံခုတင်(၃၀၀)နှင့် တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ ခုတင်(၁၀၀)တို့မှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသ ပေးနေမှု ကို ကြည့်ရှုအားပေးပြီး လာရောက်‌ဆေးကုသမှုခံယူသူများအား အဟာရဖြည့်စားသောက် ဖွယ်ရာများပေးအပ်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ