ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက နန်းတော်ကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးစံဦးမောင်၏ ကွင်းအမှတ် ၁၉၃၊ ဦးပိုင်အမှတ် ၁၄၀/၁၊ အောင်နိုင်တိုးစပါးမျိုးစံပြကွက် လယ်မြေ၌ ကျင်းပသည်။