ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပန်းတနော်မြို့နယ်တွင် ရှေးဦးပြုစုခြင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ရှေးဦးပြုစုခြင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် Community Centre တွင် ပုံပြောပြိုင်ပွဲကျင်းပခြင်း

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးတက်စေရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊စာကြည့်တိုက်ကို အသုံးပြုတတ်စေရေးတို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် (Community Centre) ခန်းမ၌  စက္ကူပန်းအလှပြင်သင်တန်း (အခမဲ့) ဖွင့်လှစ်

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  စက္ကူပန်းအလှပြင်သင်တန်း (အခမဲ့) ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပကြောင်းသိရသည်။

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲ ခင်းကျင်းပြသ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုစိတ် တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲက စာအုပ်ပြပွဲကို ခင်းကျင်းပြသ ဆောင် ရွက်ခဲ့သည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူလတန်းလွန်ကျောင်း(အောင်သုခ)တွင် ယနေ့နံနက်ပိုင်းက ကျောင်း သား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် အသိပညာ ဗဟုသုတများရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ Video Editing ရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ ဗီဒီယိုရိုက်ကူးခြင်းကို မဖြစ်မနေတတ်သိနားလည်ထားရန် လိုအပ်သည့်အတွက် Video Editing ရိုက်ကူး တည်းဖြတ်နည်းသင်တန်းကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရေးသူဖတ်သူ ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရေးသူဖတ်သူ ဆွေးနွေးပွဲကို ဆရာ ဦးစိုးမြင့်ဒွဏ်း(အာယုဗ္ဗေဒ)ရေးသားသော ကြက်သွန်နီအကြောင်း သိကောင်းစုံလင် စာအုပ်ဖြင့် ယနေ့ နံနက် ၁၀း၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်အတွင်းရှိ စာကြည့်တိုက်များရှင်သန်အောင်မြင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မန္တလေးခရိုင် မြို့နယ်အတွင်းရှိ မြို့နယ်ဦးစီးအရာရှိများနှင့် မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး Talk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးTalk Show ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ