ပြင်ဦးလွင် ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးTalk Show ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ Talk Show တွင် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ အသိပညာပေး Talk Show များ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်းမှ ဆရာမသီတဂူ(ကျောက်ဆည်)က လူငယ်များ၏ ဘဝတိုးတက်စေရေး စာပေဖတ်ရှုခြင်း၏ အလေ့အထကောင်း မွေးမြူသင့်ပုံ၊ စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာအသုံးချသင့်ပုံ၊ စာဖတ ရှိန်မြှင့်တင်ရေးနှင့် ပညာဘဏ်တိုက် စာကြည့်တိုက် ဟူသည့်စကားနှင့်အညီ စာကြည့်တိုက်များကို လူငယ်များဘဝ တိုးတက်စေရေးအတွက် အသုံးချသင့်ပုံ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးအနေဖြင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် မြို့နယ်စာရေးဆရာအသင်းတို့ဖြင့် ပူးပေါင်းကာ ပြည်သူများအသိပညာဗဟုသုတ တိုးပွားစေရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် အသိပညာပေး Talk Show များကို အကြောင်းအရာအလိုက် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဖြူလူသစ်