ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားထားသည့် ကတိစကားလေးတစ်ခွန်းစာအုပ်နှင့် ယနေ့နံနက် (၁၀) နာရီက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်ရုံး Community Centre တွင် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ယမန်နေ့မွန်းလွဲ (၁)နာရီက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပသည်။

ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်းအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်စာဖတ်ခြင်းအကြောင်း အသိပညာပေးဟောပြောပွဲကို ဇေယျာသီရိမြို့နယ် ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင် ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့က မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက် ငှားရမ်းပေးကြသည်။

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများ ဖြစ်ပေါ်စေရန် ပုံတူရွေးခြယ်ပြိုင်ပွဲ ကျင်းပ

သွက်လက် ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပုံတူရွေးခြယ်ပြိုင်ပွဲကို ယမန်နေ့  ညနေ ၄ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး  မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စာအုပ်စာပေများဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာဗဟုသုတမြှင့်မားလာစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာစေရန်ရည်ရွယ်၍  ကော့သောင်း ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းသို့ မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် ကျောင်းသူကျောင်းသားများ စာဖတ်ရှိန်မြင့်မားရန် အ-မ-က ကညင်‌ကောက် (က)ရပ်ကွက်ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အ-မ-က ကညင်ကောက်ကျောင်းတွင် ကျောင်းသူကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးအတွက် ရေဖြူမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက အ-ထ-ကရေဖြူ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ပုလောမြို့နယ် Community Centre ၌  ကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ ပျော်ရွှင်စေရန် ပြပွဲ/ပြိုင်ပွဲများ ဆောင်ရွက်ပေး

ကျောင်းသား/သူများကို စာကြည့်တိုက်ကို ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုသူများ ဖြစ်လာစေရန် ရည်ရွယ်၍  ကျောင်းပိတ်ရက်အတွင်း ပြပွဲ/ ပြိုင်ပွဲများကို  ယမန်နေ့ နေ့လယ် ၁ နာရီက ပုလော မြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ပေးခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ